Auto CAD ဆိုတဲ့နာမည်လေးကိုတော့ နည်းပညာကိုထိတွေ့တဲ့လူငယ်တွေရော
နည်းပညာနဲ့ မထိတွေ့ရသေးတယ်လူငယ်တွေပါ သိရှိကြတဲ့နာမည်တစ်ခုဖြစ်ပါတယ်။ Auto CAD သမား
(တနည်းအားဖြင့်) Draft man တွေဟာ မကြာသေးတဲ့ နှစ်အနည်းငယ်က အလုပ်အကိုင် အခွင့်အလမ်းကောင်းများစွာရရှိခဲ့ကြပြီး၊
လက်ရှိအချိန်ထိ လုပ်သားလိုအပ်ချက်ရှိနေတဲ့ ပညာရပ် တစ်ခုဖြစ်ပါတယ်။ Auto CAD အကြောင်းကို
လူအများစုသိရှိကြပြီးဖြစ်ပေမယ့်၊ သူ့ သမိုင်းနဲ့ စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတော့
ဗဟုသုတအဖြစ်နဲ့ ထပ်မံ မိတ်ဆက်ပေးချင်ပါတယ်။
Auto
CAD Software ကိုတော့ Autodesk Inc. ကထုတ်လုပ်တာဖြစ်ပြီး Engineering Drawing
Software အမျိုးအစားတစ်ခုဖြစ်ပါတယ်။