PHP ဟာ Server Side Scripting
Language တစ်ခုဖြစ်တယ်ဆိုတာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ Framework ဆိုတာကတော့
Language တွေနဲ့တွဲဖက်ပြီး Dynamic Website တွေဖန်တီးဖို့၊ Web Application တွေဖန်တီးဖို့၊
Web Services တွေပြုလုပ်ဖို့ အထောက်အပံ့ပေးတဲ့အရာတစ်ခုလို့ဆိုနိုင်ပါတယ်။ Web
Development နယ်ပယ်မှာဆိုရင် သက်ဆိုင်ရာ Language တွေအလိုက် Framework တွေများစွာရှိနေပါတယ်။
ဒီ Framework တွေကပဲ Language တွေအတွက် အကောင်းဆုံးအထောက်အပံ့တွေဖြစ်လာခဲ့ပြီး၊ လုပ်ဆောင်ချက်အတော်များများဟာ
ပိုမိုကောင်းမွန် ခိုင်ခန့် လာတယ်လို့ဆိုနိုင်မှာဖြစ်ပါတယ်။ Web Application
Framework တွေဟာ Model-View-Controller (MVC) Pattern ပေါ်မှာအခြေခံကြပါတယ်။
PHP အနေနဲ့လည်း
Framework တွေများစွာနဲ့ ပတ်သက်မှုတွေရှိနေပါတယ်။ PHP ရဲ့ Framework တွေများစွာရှိနေပြီး
နာမည်ကြီးတွေကတော့ CodeIgniter, FuelPHP, Laravel, Joomla Framework တို့ဖြစ်ပါတယ်။
ဒီ Framework တွေရဲ့အကြောင်းတွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
FuelPHP
FuelPHP ကတော့ PHP 5.3 ကိုအခြေခံထားတဲ့
PHP Framework အမျိုးအစား တစ်ခုဖြစ်ပါတယ်။ FuelPHP ဟာ PHP Framework တွေထဲမှာတော့
Strong ဖြစ်တဲ့ Framework တစ်ခုလို့ သတ်မှတ်နိုင်ပြီး၊ MVC အခြေပြု Framework တစ်ခုဖြစ်ပါတယ်။
အချို့နေရာတွေမှာတော့ MVC Upgrade ဖြစ်တဲ့ HMVC Framework တစ်ခုအဖြစ်လည်းသတ်မှတ်နိုင်မှာဖြစ်ပါတယ်။
FuelPHP ရဲ့အဓိကအားသာချက်အနေနဲ့ကတော့ Security ပိုင်းမှာ အလွန်ကောင်းမွန်တာဖြစ်ပါတယ်။
MIT License အမျိုးအစားဖြစ်ပြီး Performance ပိုင်းမှာလည်း Positive ဆန်တဲ့
Framework အမျိုးအစားတစ်ခုဖြစ်ပါတယ်။
CakePHP
CakePHP ဟာလည်း နာမည်ကြီး PHP
Framework အမျိုးအစားတစ်ခုဖြစ်ပြီး၊ Open Source Web Applicatoin Framework အမျိုးအစားတစ်ခုဖြစ်ပါတယ်။
MVC အခြေပြု Framework တစ်ခုဖြစ်ပြီး ROR ပုံစံကိုအခြေခံပြီးတည်ဆောက်ထားပါတယ်။ ROR
ဆိုတာကတော့ Ruby on Rails ဖြစ်ပါတယ်။ CakePHP ကိုရွေးချယ်မှုအပိုင်းတွေကိုလေ့လာကြည့်မယ်ဆိုရင်တော့
Installation ပိုင်းလွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့်လို့ဆိုနိုင်မှာဖြစ်ပါတယ်။ MIT
License အမျိုးအစားပဲဖြစ်ပြီး၊ Stable Release ကတော့ 2.2.3 ဖြစ်ပါတယ်။ CakePHP ဟာဆိုရင်
PHP Framework တွေထဲမှာ အစဉ်အလာကြီးမားခဲ့တဲ့ Framework တစ်ခုလည်းဖြစ်ပါတယ်။ Blog တွေအများစုဟာ
CakePHP Framework ကိုအသုံးပြုထားကြတာဖြစ်ပါတယ်။
CodeIgniter
CI လို့လူသိများတဲ့ CodeIgniter ဟာလည်း
PHP Framework တွေထဲမှာ နာမည်ကြီးပဲဖြစ်ပါတယ်။ CI ရဲ့ Community ဟာ ပိုမိုကျယ်ပြန့်လာခြင်းနဲ့အတူ
HMVC အတွက်လည်း အပြည့်အ၀ထောက်ပံ့ပေးနိုင်တာကိုတွေ့ရပါတယ်။ CodeIgniter ရဲ့ Stable
Version ကတော့ 2.1.3 ဖြစ်ပြီး ၂၀၁၂ ခုနှစ်အောက်တိုဘာလထဲမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်ကစတင်ခဲ့တဲ့ CodeIgniter ဟာဆိုရင် သက်တမ်း ၆ နှစ်အတွင်းမှာအောင်မြင်မှုများစွာရရှိခဲ့ပါတယ်။
Open Software License (OSL) အမျိုးအစားဖြစ်တဲ့ CodeIgniter ကို လက်ရှိအချိန်မှာ
PHP Developer များ အနေနဲ့အားထားနေရဆဲဖြစ်ပါတယ်။
Laravel
Framework
Laravel Framework ဟာ ဒီဖက်အချိန်ကာလအတွင်းမှာ
နာမည်ကြီးတဲ့ Framework တစ်ခုဖြစ်ပါတယ်။ Laravel
ရဲ့ အဓိကအားသာချက်တွေကတော့ ရေးရလွယ်ကူခြင်းဖြစ်ပါတယ်။ Syntax တွေက Readable
တော်တော်လေးဖြစ်ပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ Documentation ရှိပြီး၊ Community အနေနဲ့လည်း
တော်တော်အားကောင်းပါတယ်။၊ Bundle လိုမျိုး Feature တွေလည်းပါဝင်ပါတယ်။ ဒါကြောင့် Application
တစ်ခုကို အချိန်အနည်းငယ်အတွင်းရေးသားနိုင်မှာဖြစ်ပါတယ်။
Symfony
Symfony ဟာလည်း MVC အခြေပြု PHP
Framework အမျိုးအစားတစ်ခုဖြစ်ပါတယ်။MIT License အမျိုးအစားတစ်ခုဖြစ်ပြီး၊ Free
Software အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ Symfony ဟာ ၂၀၀၅ ခုနှစ်မှာစတင်အခြေပြုခဲ့တာဖြစ်ပြီး
လက်ရှိအချိန်မှာ Stable Release အနေနဲ့ 2.1.2 ကိုထုတ်ပြန်ထားပါတယ်။ Symfony ဟာ
Cross Platform အမျိုးအစားတစ်ခုဖြစ်ပြီး၊ ပြင်သစ် Web Agency တစ်ခုဖြစ်တဲ့ Sensio က
အထောက်အပံ့ပေးထားပါတယ်။ PHP V 5. ကိုအထောက်အပံ့ပေးတဲ့ Framework တစ်ခုဖြစ်ပါတယ်။
No comments:
Post a Comment