Friday, November 30, 2012

PHP အတွက် အကောင်းဆုံးသော IDE များ


IDE ဆိုတာကတော့ Integrated Development Environment ရဲ့အတိုကောက်ဖြစ်ပါတယ်။ IDE တွေဟာ Developer များအတွက် လိုအပ်ချက်တစ်ခုအဖြစ်တည်ရှိနေပြီး၊ Web Application များရေးဆွဲရာမှာများစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ IDE များစွာဟာလည်း Developer တွေအတွက် အကောင်းဆုံးသောတီထွင်ဖန်တီးမှုများနဲ့အတူ အသင့်စောင့်ကြိုလျက်ရှိနေပါတယ်။ ခုဖော်ပြပေးမှာကတော့ PHP ရေးသားရာမှာ အထောက်အပံ့ပေးနိုင်မှုအများဆုံး IDE တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ကိုတော့ www.ibm.com ကသတ်မှတ်ပေးထား တာဖြစ်ပြီး၊ IDE တစ်ခုချင်းစီရဲ့ အရည်အချင်းပိုင်းကိုလည်း အသေးစိတ်ဖော်ပြပေးထားပါတယ်။

                IBM ရဲ့အဆိုအရတော့ IDE ဆိုတာ တစ်နေရာထဲမှာ Coding တွေအစုံအလင်ရရှိနိုင်မယ့်နေရာတစ်ခုအဖြစ် သတ်မှတ်ပေးထားပါတယ်။ IDE တွေဟာ Code တွေကို Edit ပြုလုပ်နိုင်ဖို့အတွက် Editor တွေပါဝင်လာမှာဖြစ်ပြီး၊ အမှားအယွင်းရှာဖွေခြင်းများကိုလည်းတစ်ပါထဲပြုလုပ်နိုင်မှာဖြစ်ပါတယ်။ စံအဖြစ်သတ်မှတ်နိုင်တဲ့ IDE တွေမှာပါဝင်ရမယ့် အချက်တွေကို ဖော်ပြရမယ်ဆိုရင်တော့
-       Projects
-       Debugging
-       Code Intelligence
-       Class view
-       Support for multiple languages
-       Source code control
-       FTP/ SFTP integration
-       Database navigation
-       Integrated Web Browser
-       Snippets
တို့ဖြစ်ပါတယ်။

1. Eclipse

                PHP IDE တွေထဲမှာတော့ Eclipse ဟာ ထိပ်ဆုံးနေရာကိုရရှိထားပါတယ်။ Eclipse Development Platform မှာဆိုရင်တော့ Plug-ins နှစ်မျိုးကို အထောက်အပံ့ပေးထားတာကိုတွေ့ရပြီး၊ PHP IDE Project မှာ Eclipse က ပထမဆုံးဖြစ်ခဲ့ပါတယ်။ အပြည့်စုံဆုံးသော Tools တွေနဲ့ အတူ PHP Developer တွေကိုအထောက်အပံ့ပေးမှာဖြစ်ပါတယ်။ Eclipse ကိုတော့ ကွန်ပျူတာတွေရဲ့ အကြီးမားဆုံးသော OS သုံးခုဖြစ်တဲ့ Microsoft Windows, Apple Mac OS X နဲ့ Linux တို့ပေါ်မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Eclipse ကို သုံးစွဲသူများအနေနဲ့တော့ လိုအပ်တဲ့ Plug-ins တွေကို အွန်လိုင်းမှတစ်ဆင့် ဒေါင်းလုပ်ရယူနိုင်မှာဖြစ်ပါတယ်။
                Plug-ins တွေဟာဆိုရင် IDE တစ်ခုမှာပါဝင်ရမယ့် လုပ်ဆောင်ချက်တွေကို ပိုမိုအားဖြည့်ပေးနိုင်မှာဖြစ်ပြီး၊ Code Intelligence လိုလုပ်ဆောင် ချက်တွေဟာဆိုရင် Developer တွေအတွက် အကောင်းဆုံးလုပ်ဆောင်ချက်တွေကို ပံ့ပိုးနိုင်မှာဖြစ်ပါတယ်။ Eclipse မှာဖော်ပြပေးမယ့် အခြားအကြောင်း အရာတွေကတော့ Classes, Methods နဲ့ Arguments တို့ကိုပြသထားပေးမှာဖြစ်ပါတယ်။
                Eclipse ဟာဆိုရင် ဖွဲ့စည်းတည်ဆောက်ပုံရိုးရှင်းပြီး၊ Code Browsing ပိုင်းတွေမှာရှင်းလင်းစွာတွေ့မြင်နိုင်ခြင်းဟာလည်း Eclipse GUI ရဲ့ အားသာချက်တွေဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ Eclipse ရဲ့စိတ်တိုင်းကျစရာအကောင်းဆုံး ကောင်းကွက်တစ်ခုကတော့ အခမဲ့ဖြစ်နေခြင်းဖြစ်ပါတယ်။ Plug-ins တွေကိုလည်းအခမဲ့ရယူနိုင်မှာဖြစ်လို့ Developer များအတွက် စိတ်တိုင်းကျစရာ IDE တစ်ခုဖြစ်ပါတယ်။

2. Komodo

                Komodo IDE ဟာလည်း ထိပ်တန်း PHP IDE တွေထဲမှာ ဒုတိယနေရာမှာရှိတဲ့ IDE အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Komodo ကို Windows, Linux နဲ့ Mac OS တို့ပေါ်မှာအသုံးပြုနိုင်မှာဖြစ်ပြီး၊ Open Source Language တွေတိုင်းကို အထောက်အပံ့ပေးထားပါတယ်။ ဥပမာအနေနဲ့ ပြောရမယ် ဆိုရင်တော့ Perl, PHP နဲ့ Ruby တို့ဖြစ်ပါတယ်။ Komodo ရဲ့ Code Intelligence ဟာဆိုရင် အရမ်းကောင်းမွန်ပြီး၊ Language များစွာရဲ့ Code တွေကို စစ်ဆေးပေးနိုင်မှာဖြစ်ပါတယ်။ Project အပိုင်းကိုလေ့လာကြည့်မယ်ဆိုရင်တော့ CVS Integration ပိုင်းကိုအထောက်အပံ့ပေးထားပြီး၊ FTP Code မှ Server သို့တိုက်ရိုက်လွှဲပြောင်းခြင်းကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
                Komodo ရဲ့ User Interface မှာဆိုရင် ဘယ်ဖက်အခြမ်းဟာ Project ကိုပြသပေးမှာဖြစ်ပြီး၊ အလယ်နဲ့ညာဖက်ခြမ်းမှာတော့ Coding တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အောက်ခြေပိုင်းမှာတော့ Breaking Points တွေကိုပြသပေးထားမှာဖြစ်ပြီး၊ Command Output, SCC Output တို့ကိုလည်း Tab တွေနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Komodo ဟာ အခမဲ့ရယူနိုင်မယ့် Freeware တစ်ခုတော့မဟုတ်ပဲ Commercial Product တစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Komodo Personal ဟာ US$ 29.95 ကျသင့်မှာဖြစ်ပြီး၊ Komodo Professional US$ 299.95 ကျသင့်မှာဖြစ်ပါတယ်။
                အားနည်းချက်အနေနဲ့တွေ့ရတာကတော့ Komodo မှာ Database Integration ပိုင်းကိုတော့ မတွေ့ရှိရပါဘူး။ Code Intelligence ပိုင်းမှာလည်း အနည်းငယ်စောင့်ဆိုင်းရတဲ့ ကိစ္စရပ်လေးတွေကိုတော့ တွေ့မြင်ရပါတယ်။

3. PHP Designer

                PHP Designer ကတော့အခြားသော IDE တွေနဲ့ ကွဲပြားတဲ့ ပုံစံကိုရယူထားပါတယ်။ PHP Designer ကတော့ ကန့်သတ်ချက်ရှိတဲ့ Code Intelligence ပိုင်းကိုသာ ပံ့ပိုးပေးထားပါတယ်။ ဒါပေမယ့် PHP Web Application တွေရေးသားတဲ့နေရာကိုသာ အဓိကအားထားတဲ့အတွက် အားသာချက်များစွာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ Browser တစ်ခုအသွင်နဲ့လည်းဖန်တီးနိုင်မှာဖြစ်လို့ ရေးသားထားတဲ့ Coding တွေအတွက်လည်း အသင့်အနေအထားတစ်ရပ်လို့ဆိုနိုင်မှာဖြစ်ပါတယ်။
                PHP Code Intelligence နဲ့ Debugging လုပ်ဆောင်ချက်ပိုင်းမှာတော့ PHP Designer ဟာအလွန်ပေါ့ပါးတာကိုတွေ့ရပါတယ်။ HTML, CSS, JavaScript တို့အတွက် Intelligence Coding ပိုင်းမှာလည်း အခြား IDE တွေထက်သာလွန်တာကိုတွေ့ရပါတယ်။ PHP Designer ဟာ Programmer နဲ့ ခြားနားချက်အနည်းဆုံးဖြစ်အောင် ဖန်တီးထားတာကိုတွေ့ရပါတယ်။
                PHP Designer ဟာ Personal Use အတွက်တော့ အခမဲ့အသုံးပြုနိုင်မှာဖြစ်ပြီး၊ Professional Version အတွက်တော့ US$ 55 ကျသင့်မှာ ဖြစ်ပါတယ်။

4. PhpED

                PhpED ကိုတော့ Windows ပေါ်မှာသာသီးသန့်အသုံးပြုနိုင်မှာဖြစ်ပြီး၊ လွယ်ကူရိုးရှင်းတဲ့ IDE အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီ IDE မှာဆိုရင် ကျပ်ညပ်နေတဲ့ လုပ်ဆောင်ချက်များစွာကိုထည့်သွင်းပေးထားပြီး၊ အသုံးဝင်မယ့် Feature တွေကို ဦးစားပေးထားပါတယ်။ Microsoft Internet Explorer နဲ့ ချိတ်ဆက်မှုတွေပါဝင်ပြီး၊ Debug ပြုလုပ်ရာမှာ ပိုမိုလွယ်ကူ မြန်ဆန်စေမှာဖြစ်ပါတယ်။ PhpED ရဲ့အထူးအားသာချက်အနေနဲ့ကတော့ စွမ်းအားမြင့်တဲ့ Internal Debugger ပါဝင်ခြင်းပဲဖြစ်ပါတယ်။
                User Interface ကိုကြည့်မယ်ဆိုရင်တော့ ဘယ်ဖက်ခြမ်းက Project အကြောင်းကိုဖော်ပြပေးထားပြီး၊ အလယ်မှာတော့ Class View ကိုဖော် ပြပေးထားပါတယ်။ ညာဖက်အစွန်ဆုံးကတော့ Code View အတွက်ဖြစ်ပါတယ်။ PhpED ဟာအခြေခံကျတဲ့ ဒီဇိုင်းသွင်ပြင်ရှိတဲ့အတွက် အသုံးပြုသော Developer များအနေနဲ့ စိတ်တိုင်းကျစေမှာဖြစ်ပါတယ်။
                အထက်မှာဖော်ပြပေးခဲ့သလိုပဲ PhpED ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ပိုင်းကတော့ Debugger ဖြစ်ပြီး၊ ကောင်းမွန်တဲ့ Database ချိတ်ဆက်မှုစနစ်ပါဝင်ပါတယ်။ Code Intelligence ပိုင်းမှာလည်း အဆင်ပြေပြီး၊ Integrated PHP အတွက်များစွာအကူအညီဖြစ်စေမှာဖြစ်ပါတယ်။ PhpED အတွက် Basic Version ကတော့ US$119 ကျသင့်မှာဖြစ်ပြီး၊ Professional Version အတွက်တော့ US$ 495 ကျသင့်မှာဖြစ်ပါတယ်။

5. PHPEdit

                PHPEdit ကိုတော့ PHP IDE တွေထဲမှာလူကြိုင်များတဲ့ IDE အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Microsoft ရဲ့ MsDEV နဲ့ဆင်တူပြီး မကောင်းတဲ့ အချက်အလက် အတော်နည်းတဲ့ IDE အမျိုးအစားတစ်ခုဖြစ်ပါတယ်။ PHPEdit ကို Microsoft ရဲ့ Windows တစ်မျိုးထဲအပေါ်မှာသာအသုံးပြုနိုင်မှာဖြစ်ပြီး PHP နဲ့ပတ်သက်လို့ အကောင်းမွန်ဆုံးသော Code Intelligence စနစ်ပါဝင်ပါတယ်။ CSS, HTML, JavaScript တို့အတွက်လည်း ပါဝင်ပြီး၊ PHPEdit ကိုအလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။
                PHPEdit မှာဆိုရင် UI ရဲ့ အလည်တည့်တည့်မှာ Code View ကိုပြသထားခြင်းဟာလည်း ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ PHPEdit မှာ တခြား Code Intelligence တွေကိုလည်းထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး၊ အကောင်းမွန်ဆုံးသော Library Code တွေပါဝင်နေပါတယ်။ PHPEdit ကိုအသုံးပြုလိုသူများအနေနဲ့တော့ US$ 89 ကျသင့်မှာဖြစ်ပါတယ်။

6. Zend Studio

                Design အလန်းနဲ့ Zend Studio ကတော့ PHP Developer တွေအတွက် စိတ်ဝင်စားစရာတွေများစွာပေးနိုင်မယ့် IDE တစ်ခုဖြစ်ပါတယ်။ ထိပ်တန်းကွန်ပျူတာ OS သုံးခုဖြစ်တဲ့ Microsoft Windows, Apple Mac OS, Linux တို့တွေပေါ်မှာအသုံးပြုနိုင်မှာဖြစ်ပြီး PHP 4 အချိန်ကတည်းက စတင်ခဲ့တဲ့ IDE အမျိုးအစားတစ်ခုဖြစ်လို့ PHP နဲ့ပါတ်သက်လာရင် လိုအပ်တာအကုန်နီးပါးရယူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Feature တွေပါဝင်မှုကိုကြည့်မယ်ဆိုရင် Zend Studio ကိုအသုံးပြုဖို့အတွက် ဒေါင်းလုပ်ရယူချိန်မှာတောင် အချိန်များစွာပေးရနိုင်ပြီး ပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေတစ်ပါထဲ ပါဝင်လာမှာဖြစ်ပါတယ်။
                Zend Studio ဟာဆိုရင် Coding အားလုံးအတွက် Intelligence Feature တွေပါဝင်နေတာဟာထူးခြားချက်တစ်ခုဖြစ်ပါတယ်။ Built-ins Library ပါဝင်ပြီး၊ အချို့သော Custom Code တွေကိုလည်းထည့်သွင်းပေးထားပါတယ်။ Debug ပိုင်းမှာလည်းအပြစ်ပြောနိုင်စရာအချက်တွေသိပ်မတွေ့မြင်ရပဲ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပိုင်းတွေကိုသာ ထပ်မံမြင်တွေ့ရမှာဖြစ်ပါတယ်။ အချို့သော Code တွေကို Server မှတောင်းယူနိုင်မှာဖြစ်ပြီး၊ Integrated FTP စနစ်ကိုလည်းထည့်သွင်းပေးထားပါတယ်။ Mac မှာအသုံးပြုထားတဲ့ Zend Studio ကိုကြည့်မယ်ဆိုရင်တော့ အလွန်လန်းတဲ့ User Interface တစ်ခုကိုသင်ခံစားနိုင်မှာဖြစ်ပါတယ်။          

No comments:

Post a Comment

Pandora Dream ရဲ့ရေးသားမှုများ....