Friday, November 30, 2012

PHP ရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ဆန်းစစ်ကြည့်မယ်ဆိုရင်


PHP ရဲ့ အကောင်းဆုံးအရည်အသွေးများကိုဆန်းစစ်ကြည့်ရမယ်ဆိုရင်တော့ အောက်ပါအတိုင်း အချက် (၁၀) ချက်ကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ 

၁။ PHP ကို cross-platform အနေနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သဘောတရားကတော့ Windows, Linux, BSD, Mac OS X, Solaris စတဲ့ Platform တွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
၂။ PHP ဟာ Free of Charge ဖြစ်ပါတယ်။ PHP ကိုသုံးချင်တယ်ဆိုရင် ကြိုက်တဲ့အချိန်မှာ Source Code ကို အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ ပြောင်းလဲမှုတစ်ခု တိုင်းအတွက်လည်း လိုအပ်ချက်မရှိပဲ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။
၃။ PHP ဟာ မြန်နှုန်းမြင့် အမျိုးအစားဖြစ်ပါတယ်။ နိုင်းယှဉ်မှုအနေနဲ့ ပြောရမယ်ဆိုရင်တော့ Perl တို့ Python တို့ထက်များစွာမြန်ဆန်မှုရှိပါတယ်။ PHP ဆိုတာ cache လုပ်နိုင်တဲ့အတွက် ပိုပြီး မြန်မြန်ဆန်ဆန် လုပ်နိုင်စွမ်း ရှိပါတယ်။
၎။ PHP က Web နဲ့ ပတ်သက်လာရင် လုပ်ဆောင်နိုင်မှုများပြားပါတယ်။ PHP မှာ ကြိုတင်စီစဉ် ရေးသားထားတဲ့ Function တွေအများကြီး ရှိပါတယ်။ အဆိုပါ Function တွေကိုအသုံးချပြီး မိမိစိတ်ကြိုက် ပြုပြင်ပြောင်းလဲရေးသားနိုင်မှာဖြစ်ပါတယ်။ အရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ Database ကို ကိုင်တွယ်တဲ့ နေရာမှာလဲ MySQL, Oracle, MS SQL, PostgreSQL နဲ့ အခြား Database Server တွေနဲ့ ချိတ်ဆက်ပြီး သုံးနိုင်မှာဖြစ်ပါတယ်။ အခြားအပိုင်းအနေနဲ့ File Uploading, Email, Graphical Interface, Generating Flash Movies စတာတွေကိုလဲ PHP ကနေ လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။
၅။ PHP ကို လိုအပ်သလို ဖန်တီးရေးသားနိုင်မှာဖြစ်ပါတယ်။ PHP Extension များကို ကိုယ်ပိုင်ရေးသားပြီး တည်ဆောက်မယ်ဆိုရင်လဲ တည်ဆောက်လို့ ရပါတယ်။ အဲဒီလို တည်ဆောက်နိင်ဖို့အတွက် PHP API Documentation တွေလဲ အစုံအလင် ရရှိနိုင်မှာဖြစ်ပါတယ်။
၆။ PHP ဟာ ကမ္ဘာပေါ်မှာအသုံးပြုသူများစွာရှိနေပါတယ်။ ဒီကိစ္စဟာ PHP အပေါ်ယုံကြည်စိတ်ချရမှုကို မြင့်တက်စေပြီး၊ စွမ်းဆောင်ရည်ပိုင်းကိုလည်း အထောက်အထားဖြစ်စေပါတယ်။
၇။ PHP က Debug ပြုလုပ်တဲ့နေရာမှာလွယ်ကူပါတယ်။ Debugger တွေများစွာရှိပြီး အခပေးတွေရှိသလို၊ အခမဲ့ရယူနိုင်မယ့် စနစ်တွေလည်းများစွာရှိနေပါတယ်။
၈။ PHP ဟာ ကောင်းမွန်တဲ့ ကျောထောက်နောက်ခံရှိတယ်လို့ဆိုနိုင်ပါတယ်။ PHP ရဲ့ Main Contributors နှစ်ဦးဟာ Zend ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ထားပြီး PHP ကို အထောက်အပံ့အပြည့်အ၀ ပေးထားပါတယ်။
၉။ PHP ဟာ Community Support ပိုင်းမှာလည်း အားသာချက်ရှိပါတယ်။ အသုံးပြုသူများပြားခြင်းရဲ့ အကျိုးကျေးဇူးအနေနဲ့ PHP နဲ့ ပါတ်သက်တဲ့အခက်အခဲတိုင်းကို အချိန်မရွေး Online မှာ ဖြေရှင်း ပေးနိုင်ပါတယ်။
၁၀။ PHP က Web နဲ့ ပတ်သက်တဲ့ အကောင်းမွန်ဆုံးသော Technology တစ်ခုဖြစ်ပါတယ်။ PHP 5. Series တွေမှာ တကယ့်ကို ပြည့်စုံတဲ့ Object-oriented နည်းပညာတွေ ပါဝင်လာသလို မြန်နှုန်းဟာလည်းပိုမို မြင့်မားလာပါတယ်။

               

No comments:

Post a Comment

Pandora Dream ရဲ့ရေးသားမှုများ....