Wednesday, January 2, 2013

Google+ အတွင်း Community တစ်ခုဖွဲ့စည်းခြင်း



အကြောင်းအရာတစ်ခုကို တူညီစွာစိတ်ဝင်စားသူများအတွက် Community တစ်ခုဖန်တီးနိုင်မယ့် Feature တစ်ခုကို Google+ ကမကြာမှီအချိန်ကပဲ တင်ဆက်ပေးလိုက်ပါတယ်။ ဒီနေ့မှာတော့ Google+ မှာ Community တစ်ခုတည် ဆောက်ခြင်းကို တစ်ဆင့်ချင်းစီဆောင်ရွက်ကြည့်မှာဖြစ်ပါတယ်။ Google+ Community ဟာဆိုရင် Facebook ရဲ့ Group နဲ့ဆင်တူပြီး အသုံးပြုရာမှာလည်း အလွန်အဆင်ပြေလှပါတယ်။ Community ကို Public ဒါမှမဟုတ် Private ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။ မိမိတို့ ၀ါသနာပါရာခေါင်းစဉ်တစ်ခုအောက်မှာ Community ဖွဲ့စည်းထား ခြင်းအားဖြင့်အကျိုးကျေးဇူးများစွာကိုလည်း ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ Google+ အကြောင်းကို နည်းနည်းလေးပြောပြချင်ပါတယ်။ Google+ ဟာဆိုရင် Google က ဖန်တီးထားတဲ့ Social Network တစ်ခုဖြစ်ပြီး၊ Link တွေ မျှဝေခြင်း၊ Photos & Videos များ မျှဝေခြင်း၊ Event များ သတ်မှတ်ခြင်း၊ Face-to-Face စကားပြောဆိုခြင်း အစရှိတာတွေကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Mobile တွေအတွက်ဖန်တီးပေးထားတဲ့ Google+ Mobile App ဟာဆိုရင်လည်း User ရဲ့ Update တွေကို Google+ ပေါ်မှာအချိန်နဲ့ တပြေးညီတင်ဆက်ပေးနိုင်မယ့် Mobile App တစ်ခုဖြစ်ပါတယ်။

Pandora Dream ရဲ့ရေးသားမှုများ....